bap-logo
Politics

One Day Challenge လှုပ်ရှားမှုမှ ရရှိသည့် ဒေါ်လာ ၁.၇သန်း NUG ထံ ပေးပို့ခဲ့

5P2VOM5TADdLdOJDeMGcX-image

လွန်ခဲ့သော ၂ နှစ် က

မေ ၈။

 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) One Day Challenge လှုပ်ရှားမှုမှ ယခုနှစ် မေလ ၄ ရက်အထိ ရရှိသည့် စုစုပေါင်း ဒေါ်လာ ဒသမ ၇ သန်းကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ထံ ပေးပို့ခဲ့ကြောင်း အဆိုပါအဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

 

အဆိုပါလှုပ်ရှားမှုကို အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် မေလအထိ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေကို NUG ထံ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။

 

NUGက အဆိုပါထောက်ပံ့ငွေများကို ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် နယ်မြေ စိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲနေသည်ဟုလည်း အသိပေးထားသည်။

 

ယခုနှစ် ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၁၉ ဖွဲ့ထံ ကျပ် ၁၅ သိန်းစီ စုစုပေါင်း ကျပ် ၂၈၅ သိန်း ထောက်ပံ့ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

Burma Associated Press

NUG
PDF
revolution

Share With
bap-logo