bap-logo
Politics

ခါးပတ်နှင့် လမ်းအစီအစဉ်ကို ပူတင် ချီးကျူး၊ ရုရှား၏မြောက်ပိုင်း ပင်လယ်ရေကြောင်း လမ်းတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

4v10BiTh-bKCleKMy0wgD-image

လွန်ခဲ့သော ၂ နှစ် က

ရုရှားသမ္မတ ပူတင်သည် တရုတ်သမ္မတ ရှီ ၏ ခါးပတ်နှင့်လမ်း အစီအစဉ် ကို ချီးကျူးပြောဆိုလိုက်ပြီး ၎င်းအဆိုအရ အရှေ့နှင့် အနောက် ကုန်သွယ်မှု ဖွံ့ဖြိုးစေမည့် မြောက်ပိုင်းပင်လယ်ရေကြောင်းအတွက် ကမ္ဘာ့အရင်းအနှီးများကို ဗုဒ္ဓဟူးနေ့တွင် ဖိတ်ခေါ်လိုက်သည်။

 

ယူကရိန်းစစ်ပွဲနောက်ပိုင်း လူသိထင်ရှား ရုရှားနိုင်ငံပြင်ပသို့ထွက်ခွာသည့် ဒုတိယအကြိမ်မြောက်ခရီးတွင် ပူတင်က ၎င်းကို ဖိတ်ခေါ်သည့်အတွက် တရုတ်ခေါင်းဆောင်ကို ကျေးဇူးတင်ကြောင်း၊ ရုရှားသည် တရုတ်၏ ရှေးဟောင်းပိုးလမ်းမကို ခေတ်သစ်တွင် ပြန်လည်ဖော်ထုတ်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပြောကြားလိုက်သည်။

 

ပူတင်က ရှီကို "ချစ်ခင်လေးစားရပါသော မိတ်ဆွေ” ဟု ခေါ်ဝေါ်၍ ကမ္ဘာကို စုစည်းမှု ဖြစ်စေသည့် ခါးပတ်နှင့် လမ်းအစီအစဉ်ကို ချီးကျူးပြောဆိုလိုက်သည်

 

ပူတင်က ရှီကို "ချစ်ခင်လေးစားရပါသော မိတ်ဆွေ” ဟု ခေါ်ဝေါ်၍ ကမ္ဘာကို စုစည်းမှု ဖြစ်စေသည့် ခါးပတ်နှင့် လမ်းအစီအစဉ်ကို ချီးကျူးပြောဆိုလိုက်သည်။

 

ပူတင်၏ မိန့်ခွန်း မစတင်မီတွင်ပင် ပြင်သစ် ဝန်ကြီးချုပ်ဟောင်း Jean-Pierre Raffarin အပါအဝင် ဥရောပဧည့်သည်တော်အချို့ ခန်းမတွင်းမှ ထွက်ခွာသွားကြသည်ဟု Reuters မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

 

ရုရှားနှင့် တရုတ်သည် ယဉ်ကျေးမှုဖြစ်စဉ် ကွဲပြားမှုများ၊ နိုင်ငံတစ်ခု၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု ရပိုင်ခွင့်များကို လေးစားပြီး အခြားကမ္ဘာပေါ်က နိုင်ငံများကဲ့သို့ပင် ထာဝရတည်တံ့မှုနှင့် ရေရှည်စီးပွားရေး တိုးတက်မှု၊ လူမှုသာယာဝပြောရေးတို့ကို ရရှိရန် ညီမျှမှု၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု တို့ကို အလိုရှိပါကြောင်း” ပူတင်က ပြောကြားသည်။

 

နော်ဝေ ရုရှားနယ်စပ်မှ အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်အနီး ဘာရင်းရေလက်ကြားအထိ ရှည်လျား သော မြောက်ပိုင်းပင်လယ် ရေကြောင်းလမ်းတည်ဆောက်ရေးအတွက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ လက်ခံတည်ဆောက်နေကြောင်း ပူတင်က ပြောကြားခဲ့ပြီး ခါးပတ်နှင့်လမ်းအစီအစဉ်သည် ရုရှား၏ အစီအစဉ်နှင့် ကိုက်ညီအံဝင်မှုရှိကြောင်း ပြောဆိုခဲ့သည်။

 

မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်းအတွက် ရုရှားနိုင်ငံသည် ၎င်း၏ မိတ်ဖက်နိုင်ငံများကို တစ်ဆင့်ခံ လမ်း ကြောင်း အသုံးပြုရန် ဖိတ်ခေါ်ခြင်းမျှသာမဟုတ်ဘဲ စိတ်ဝင်စားသည့် နိုင်ငံများအနေဖြင့် ၎င်းအစီအစဉ် တည် ဆောက်ရေးတွင် တိုက်ရိုက်ပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ ယုံကြည်ရသည့် ရေခဲခွဲလမ်းကြောင်းပြခြင်း၊ ဆက်သွယ် ရေးနှင့် ထောက်ပံ့ရေးများ ပေးအပ်ရန် အဆင်သင့်ဖြစ်နေကြောင်းပူတင်က ပြောကြားခဲ့သည်။

 

နောက်နှစ်က စတင်ပြီး မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်းတစ်လျှောက်လုံးတွင် ပင်လယ်မှ ရေခဲများ အတွင်း သွားလာနိုင်သည့် ကုန်တင်သင်္ဘောများအတွက် ရေကြောင်းပြများ တစ်နှစ်လုံး အသုံးပြုနိုင်မည် ဖြစ်ကြောင်း” လည်း ပြောဆိုခဲ့သည်။

 

ပူတင် ခါးပတ်နှင့်လမ်းဖိုရမ် ခရီးစဉ်အတွင်း အခြားသော အဆင့်မြင့်အရာရှိများလည်း ခေါ်ဆောင်လာခဲ့သည်။

 

၎င်း အဆင့်မြင့် ရုရှားအရာရှိများတွင် မြောက်ကိုရီးယားသို့ ခေတ္တသွားရောက်ရန် စီစဉ်ထားသော နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ဒုဝန်ကြီးချုပ် Dmitry Chernshenko တို့လည်း ပါဝင်သည်။

 

၎င်းတို့အပြင် ကရင်မလင် ပြောခွင့်ရ Dmitry Peskov ကရင်မလင် စီးပွားရေးလက်ထောက် Maxim Oreshkin ကရင်မလင် နိုင်ငံခြားရေးလက်ထောက် Yuri Ushakov စီးပွားရေးဝန်‌ကြီး Maxim Reshentnikov နှင့် တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Igor Morgulov တို့လည်း ပါဝင်ကြသည်။

 

ကိုးကား - Reuters

ပုံစာ - အောက်တိုဘာ ၁၇ ရက် ၂၀၂၃ ခုနှစ် ဘေဂျင်းမြို့ ခါးပတ်နှင့်လမ်း ဖိုရမ်တွင် ရုရှားသမ္မတ ပူတင်ကို လက်ခံကြိုဆိုနေသည့် တရုတ်သမ္မတ ရှီ။ (Photo: Sputnik/Sergei Savostyanov/Pool via REUTERS)

 

Vladimir Putin
Xi Jinping
China
Russia
Belt and Road Initiative (BRI)

Share With
bap-logo