bap-logo
Politics

နောက်ဆုံး သဘောထားစစ်တမ်းအရ ဝန်ကြီးချုပ်ပရာယွတ် လူထု‌ထောက်ခံမှု ကျဆင်း

3jla1tgtGQ6L2G52rN895-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၀
 
လက်ရှိထိုင်းဝန်ကြီးချုပ်  ပရာယွတ်ချန်အိုချာအပေါ် လူထုထောက်ခံမှုသည် အဓိကပြိုင်ဘက် သက်ဆင်ရှင်နာဝပ်၏သမီးအောက် ကျဆင်းသွားကြောင်း မေလ ထိုင်းရွေးကောက်ပွဲမတိုင်မီ ပြုလုပ်သည့် လူထုသဘောထားစစ်တမ်း ကောက်ခံမှုအသစ်တစ်ခုက ဖော်ပြသည်။


 
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုတက္ကသိုလ် (NIDA) က ပြီးခဲ့သည့်သတင်းပတ်ကုန်တွင် ကောက်ယူခဲ့သည့် သဘောထားစစ်တမ်းတစ်ခုအရ အတိုက်အခံ ပိုင်းထွန်ထန် ရှင်နာဝပ် (Paetongtarn Shinawatra) ထောက်ခံမှုသည် ၃၈ ဒဿမ ရာခိုင်နှုန်းသို့ ခုန်တက်သွားပြီး ပါရာယွတ်မှာ ၁၅ ဒဿမ ၆၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်သာ ရပ်တည်ခဲ့သည်။


 
အတိုက်အခံ ရှေ့သို့ချီပါတီခေါင်းဆောင် ပိတ လင်းဂျာရိုအင်ရာ (Pita Limjaroenrat) မှာ စစ်တမ်း ဖြေဆိုသူများ၏ ထောက်ခံမှု ၁၅ ဒဿမ ၇၅ ရာခိုင်နှုန်း ရရှိခဲ့သည်။


 
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လာမည့် မေလတွင်ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ ရွေးကောက်ပွဲမှာ သက်ဆင် ရှင်နာဝပ်မိသားစုနှင့် ရှေးရိုးစွဲစစ်တပ်ထောက်ခံသည့်အစိုးရကြား နိုင်ငံရေးအားပြိုင်မှုတစ်ခု ဖြစ်လာဦးမည်ဖြစ်သည်။  


 
ယနေ့ ထိုင်းပါလီမန်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲကို ပါလီမန်ဖျက်သိမ်းပြီး ၄၅ - ၆၀ ရက်အတွင်း ကျင်းပရမည်ဖြစ်သည်။


 
၂၀၁၄ တွင် နောက်ဆုံး ရှင်နာဝမ်အစိုးကို အာဏာသိမ်းချိန်မှစ၍ အာဏာယူထားသည့် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ကမူ နောက်ဆုံး လူထုသဘောထားစစ်တမ်းရလဒ်ကို အရေးလုပ်ဟန်မရှိပေ။


 
"
စစ်တမ်းက စစ်တမ်းပါပဲ။ ဒါက လူထုဆန္ဒအပေါ်မှာ မူတည်တယ်။ ဒီစစ်တမ်းရလဒ်ကြောင့် နိုင်ငံကို မထိခိုက်စေသင့်ဘူး။ နောင်လာမယ့် အစိုးရအတွက် အရေးကြီးတာ အဲဒါပဲ။ ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားချင်တယ်" ဟု ပရာယွတ်က တနင်္လာနေ့ သတင်းထောက်များကို ပြောကြားခဲ့သည်။


 
အသက် ၃၆ နှစ်အရွယ် ပိုင်းထွန်ထန်ကို ပြည်တွင်းတွင် "အမ်အိန် (Ung Ing)" ဟု လူသိများပြီး ဖြူထိုင်းပါတီတွင် ဝန်ကြီးချုပ်အဖြစ်လျာထားခံရသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။


 
မတ်လအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မဲဆန္ဒရှင် ၂,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့သည့် NIDA စစ်တမ်းတွင် ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းနီးပါးက ဖြူထိုင်းပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များကို ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 
ပိုင်းထွန်ထန်က သူမအနေဖြင့် ယခင်က တရားစီရင်ရေးအာဏာနှင့် စစ်တပ်အာဏာသိမ်းမှုများဖြင့် ဖယ်ရှားခံခဲ့ရသည့် သူမ၏ပါတီအပေါ် နိုင်ငံရေး လှည့်ဖြားမှုမှန်သမျှကို ရှောင်ရှားရန် ရည်ရွယ်၍ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရမည်ဟု ယုံကြည်ကြောင်း သောကြာနေ့က ပြောကြား ခဲ့သည်။
 
 
Source – Reuters

Burma Associated Press

Thailand
Prayut Chan-o-cha
Prime minister
Election

Share With
bap-logo