bap-logo
Politics

စစ်ကိုင်းတိုင်း လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ စစ်ဘေးရှောင်ပြည်သူများဖြစ်လာ

2Gv7RQYvi3u7AfjewNZZ8-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ

 

စစ်ကောင်စီကအာဏာသိမ်းပြီး‌နောက် စစ်ကိုင်း တိုင်းဒေသကြီးရှိ လူဦးရေ ၁၅ ရာခိုင်နှုန်းသည် စစ်ဘေးရှောင်ပြည်သူများဖြစ်လာကြောင်း ISP Myanmar ၏ စစ်တမ်းများ အရသိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးမှ ကျေးရွာများသို့ စစ်ကောင်စီတပ်များသည် လစဉ် စစ်ကြောင်း ထိုးလေ့ရှိပြီး၊ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

" လတိုင်းစစ်ကြောင်းထိုးတယ်၊ စစ်ကြောင်းတခါထိုးရင် တစ်ပတ်၊ နှစ်ပတ်ကြာတတ်တယ်။ ရွာစဉ် ပတ်ပြီး စစ်ကြောင်းထိုးတာပေ့ါ။ ပြီးခဲ့တဲ့အပတ်ကဆိုရင် ကျနော်ရဲ့အိမ်လေးလည်း မီးရှို့တဲ့အထဲကို ပါသွားပြီ။ ပြောရမယ်ဆိုရင် ပြန်စရာအိမ်မရှိတော့ဘူး" ဟု ဒီပဲယင်း ဒေသခံတစ်ဦးကပြောသည်။

 

စစ်အာဏာသိမ်းပြီးသည့်အချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များကြောင့် စစ်ကိုင်းတိုင်းရှိ ဒေသခံပြည်သူ ၇၉၄,၂၂၈ ဦးထက်မ နည်း စစ်ပြေးတိမ်းရှောင် ခဲ့ကြရပြီး၊ တနိုင်ငံလုံးအနေဖြင့် စစ်ရှောင်အများဆုံးဒေသတစ်ခု ဖြစ်ကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။

 

"ဒီပမာဏဟာ စစ်ကိုင်းတိုင်းက လူဦးရေစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်" ဟု ISP Myanmar ကဆိုသည်။

 

လက်ရှိမြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်တွင်း စစ်ပြေးဒုက္ခသည် ,၉၁၂,၇၆၉ ဦးထက်မနည်း ရှိလာခဲ့ပြီး၊ ထိတွေ့တိုက်ပွဲများပိုမြင့် တက်လာသည်နှင့်အမျှ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း စစ်ပြေးဒုက္ခသည် ,၃၅၅,၁၄၄ ဦးထက်မနည်း တိုးလာခဲ့ကြောင်းသိရသည်။

 

၂၀၂၂ ခုနှစ်၏ အောက်တိုဘာလသည် စစ်ပြေးဒုက္ခသည် ၁၇၉,၂၀၅ ဦးထက်မနည်း တိုးလာခဲ့သည့် အတွက်၊ အာ ဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် အများဆုံး တိုးခဲ့သည့်ကာလဖြစ်ကြောင်း ISP Myanmar ကဖော်ပြထားသည်။

 

၂၀၂၂ ခုနှစ်ဒီဇင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ နယ်ရှိ ကျေးရွာ ၃၀ က လူနေအိမ်ခြေ ၃၂၀၉ အိမ်နှင့် ဘုန်းတော်ကြီးကျောင်း ကျောင်းကိုမီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

 

Burma Associated Press

 

 

Refugee
Military
Myanmar
Sagaing
Civilian
Burned

Share With
bap-logo