bap-logo
Politics

ဂျပန်တွင်ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်ကတစ်ဆင့် ရန်ပုံငွေ ကျပ်သိန်း၂,၀၀၀ကျော် ရရှိခဲ့

1jkRxePI7BKrU-K-Xz8MX-image

လွန်ခဲ့သော ၂ နှစ် က

ဇွန် ၁၇။

 

ဂျပန်နိုင်ငံတွင် ယခုနှစ်မေလ၆ရက်နေ့မှ ၂၈ရက်နေ့အတွင်း တိုကျို၊ ယိုကိုဟားမားနှင့် အိုဆာကာ အစရှိသည့် မြို့ကြီး မြို့တွင် ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်ကတစ်ဆင့် ရန်ပုံငွေ ကျပ်သိန်း၂,၀၀၀ကျော် ရရှိခဲ့သည်ဟု ပွဲကျင်းပရေးအဖွဲ့ထံကတဆင့် သိရသည်။

 

အဆိုပါ နွေဦးရုပ်ရှင်ပွဲတော်တွင် တော်လှန်ရေးရုပ်ရှင်ကား ကားပါဝင်ပြီး မတူညီသော ရုပ်ရှင်ဖန်တီးသူ ဖွဲ့က လွတ်မြောက်နယ်မြေများတွင် ရိုက်ကူးဖန်တီးထားခြင်းဖြစ်သည်။ နွေဦးရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ နေရာ အနှံ့အပြားတွင် ပြသခဲ့ပြီး ရုပ်ရှင်ပွဲအပြင်၊ အမှတ်တရပစ္စည်းရောင်းချခြင်းလည်း ရှိခဲ့သည်။

 

ရရှိလာသော အမြတ် ကျပ်သိန်း ,၀၀၀ကျော်အား ရုပ်ရှင်ဖန်တီးသူ ဖွဲ့ထံသို့ ခွဲဝေပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ဖန်တီးသူများကတဆင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မြေပြင်တွင် လိုအပ်နေသော အဖွဲ့အစည်းများ၊ နေရာများသို့ ရောက်ရှိသွားမည်ဟုလည်းသိရသည်။

 

ဂျပန်နိုင်ငံတွင် ဒါရိုက်တာကိုပေါက်၏ မသောက်မိသောမိုးခါးရေကဲ့သို့သော ရုပ်ရှင်ပြပွဲများရှိခဲ့သော်လည်း နွေဦးရုပ်ရှင်ပွဲတော်အဖြစ် မတူညီသော ဇာတ်ကားများကို တစ်စုတစ်စည်းတည်းပြသခြင်းမှာ ယခုအကြိမ် ပထမဆုံးဟု ဆိုနိုင်သည်။

 

Photo/ Teru Kashiwagi

 

Burma Associated Press

Spring Revolution
japan

Share With
bap-logo